Wednesday, January 21, 2015

Chlorophyll Powder

Green Foods in the Prevention of Disease
ရောဂါကာကွယ်ရာတွင် အသုံးပြုသောအစိမ်းရောင် အစာအာဟာရ
ကလိုရိုဖီးသောက်ဖွယ်ရာ အရည်သည်သွေးတွင်း အဆိပ်တောက်များကို ဆေးကြောပေးသည်။ ကင်ဆာရောဂါကို ကာကွယ်သည်။ အသားရေစိုပြေ၀င်းပစေ သည်။ အနာကိုအမြန်ကျက်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါကိုကာကွယ်ပေးသည်။ 
ပါဝင်သောပစ္စည်းများ
ရေတွင်ပျော်ဝင်နိုင်သော ပျစ်ခဲသည့် Chlorophyin ကလိုရိုဖီး (ဆိုဒီယမ်ကော့ပ်ပေါဖီလင်းအယ်ဖါဖါ့ (Alfalfa)) မှစစ်ယူထုတ်လုပ်ထားပြီး ကလိုရိုးဖီးဓာတ် မြင့်မား စွာပါဝင်သည်။ USA တွင် စိုက်ပျိုးပြီး ဓာတုဆေးဝါးကင်းစင်သည်။
အကျိုးကျေးဇူးများ
သွေးလည်ပတ်မှုစနစ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဖယ်ရှားပေးသဖြင့် ကျန်းမားရေးပိုမိုကောင်းမွန်စေပါသည်။ သွေးနီးဥထုတ်လုပ်မှု စွမ်းအားကိုမြှင့်တင်ပေးပြီး သွေးကိုသန့်စင်စေပါသည်။ အသည်း၏လုပ်ငန်းကိုမြှင့်တင်ပေးသည်။ နှလုံးသွေးကြောကျဉ်းခြင်းနှင့် သွေးကြော ထုံးခြင်းပြဿနာကိုလျော့ကျစေသည်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး မျက်နှာမှအရေးကြောင်းများ၊ မျက်ရစ်အရေးကြောင်းများကို လျော့ကျစေသည်။ ဓာတ် မတည့်ခြင်းဖြစ်သော အင်ပျဉ်ထခြင်း၊ ရာသီဥတုကြောင့်ဓာတ်မတည့်ခြင်း၊ ရင်ကြပ်ခြင်းကိုလျောကျစေသည်။ ရာသီလာစဉ်ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ မိုင်ဂရင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေသည်။ ဆီးအိမ်ရောင်ရမ်းခြင်းကို သက်သာစေသည်။

သုံးစွဲရန်ပမာဏ
ကလိုရိုဖီးအမှုန့်တစ်ထုပ်အား ရိုးရိုးရေ ၂၅၀-၅၀၀ စီစီဖြင့်ရောပြီး မြစိမ်းရောင်ဖြစ်လာသည့်အထိမွှေ (သို့) လှုပ်ခါပေးပါ။ ရေအဖြစ် (ရေအစား) တစ်နေ့လျှင် ၁-၂လီ တာသောက်ပေးပါ။ အသားအရေလှပပြီး ကျန်းမာရေးကောင်းစေပါသည်။

အကြံပြုချက်
သိုင်းရွိုက်ရောဂါရှိသူ၊ SLE ရောဂါရှိသူ၊ အလွန်အမင်းသွေးအားနည်းရောဂါရှိသူများ အနေဖြင့်အနည်းငယ် အရည်ကျဲကျဲဖြင့် စမ်းသပ်သောက်ကြည့်ပါ။ အသီးအ ရွက်မစားသူများအနေဖြင့် ကျဲကျဲစသောက်ပြီး တဖြည်းဖြည်း ပျစ်ပျစ်သောက်ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.