Monday, January 12, 2015

ငွေရှိလည်း ချမ်းသာမယ် ၊ မရှိလည်း ချမ်းသာမယ့် စီးပွားရေး အခွင့် အလမ်း


မင်္ဂလာပါ
သူငယ်ချင်း
နောက်ဖက် စာမျက်နှာတွေမှာ ကျွန်မတို့ ရဲ့ လုပ်ငန်းကို ဖော်ပြထားတဲ့ စီမံကိန်း ဖော်ပြချက်တွေ ပါပါတယ်။ ဒါပေမယ့် အတိုဆုံး နဲ့ အလိုအပ်ဆုံး နာမည်မူကို ကျွန်မ ရေးသား ပေးပါ့မယ်။ သူငယ်ချင်းတို့လည်း Google ကနေ Unicity နဲ့ ပတ်သက်ပြီး အင်တာနက် ကနေ စုံစမ်းလို့ ရပါတယ်။ ရုံးချူပ် က အမေရိကန် မှာ ရှိပါတယ်။ ကျွန်မ တို့ မြန်မာနိုင်ငံ အနေနဲ့ ကတော့ ထိုင်းရုံးခွဲကနေ အဓိက ဆက်သွယ်ရပါတယ်။ Unicity ဟာ ဆေးဝါးထုတ် တဲ့ Company တစ်ခုပါ။ ဒါဆိုရင် သူငယ်ချင်း တို့က ထင်ပါလိမ့်မယ်။ ငါတို့ကို ဆေး ရောင်းခိုင်း တော့မယ်လို့ ။ ဈေးရောင်း ရတော့မယ် လို့လည်း ထင်မှာပါ။ သူငယ်ချင်း ထင်တာတွေ မတွေးဘဲ ဆက်လက် ဖတ်ရှူပါ။


သူငယ်ချင်းတို့ - ဘယ်သူမဆို ဝင်ငွေကောင်းတဲ့ အလုပ်ကို လုပ်ချင်ကြမှာပါ။ ချမ်းသာချင်ရင် အလုပ်ပိုလုပ်ရမှာပေါ့ ။ ပင်ပန်းမှာပေါ့ ။ ရုန်းကန်ရမှာပေါ့ . ဆိုတဲ့ အတွေးတွေ ဆက်မတွေး ပါနဲ့ ။ သူငယ်ချင်း မပင်ပန်းပါဘူး ။ ဒီအလုပ်ကို လုပ်ဖို့ အတွက် အဓိက ၂ ချက် လိုအပ်ပါတယ်။ ( ၁ ) အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရပါမယ် ။ ဒီအကြောင်းကို သိပြီး အရမ်းကို အလုပ်လုပ်ချင်တဲ့ လူငယ်လေးတွေ ရှိပါတယ် ။ ၁၈ နှစ် မပြည့်လို့ ရုံးက အဖွဲ့ဝင် အဖြစ် လုံးဝ လက်မခံပါဘူး ၊ ပယ်ချပါတယ်။ ( ၂ ) မှတ်ပုံတင် မူရင်း ကိုင်ဆောင်ထားတဲ့လူ ဖြစ်ဖို့ လိုအပ်ပါတယ်။ မှတ်ပုံတင် မူရင်း မရှိရင် သူငယ်ချင်း ရဲ့ အကျိုးရလဒ်ကို သူငယ်ချင်း ကိုယ်တိုင် ထုတ်ယူဖို့ ခက်ခဲပါလိမ့်မယ်။

ကျွန်မ ပထမ ဆုံး အသိပေးခဲ့တယ်။ ချမ်းသာမယ်လို့ ။ အပြင်မှာ ဈေးရောင်းဖို့ အတွက် ဘာရင်း ရမလဲ သူငယ်ချင်း? ငွေ ရင်း ရမှာပေါ့။ အခု ဒီမှာ က ( ၁ ) ငွေရင်းနိုင်တဲ့လူ ငွေရင်းလို့လည်း ရသလို ၊ ( ၂ ) မရင်းနိုင်တဲ့ လူအတွက် နည်းလမ်းကိုလည်း ကျွန်မ ပေးမှာပါ။

ငွေရင်းနိုင်တဲ့လူ  - ရင်တွေ ခုန်မသွားပါနဲ့ ။ ငါတို့ ငွေရင်းနိုင်တယ် ဆိုပြီး ဆေးဆိုင်ဖွင့်ခိုင်း တော့မှာလား လို့လည်း မတွေးပါနဲ့ ။ ( မဖွင့်ခိုင်းပါဘူး ၊ ဆေးဆိုင်ဖွင့်ဖို့လည်း အားမပေးပါဘူး ၊ နဂိုကတည်းက ဆေးဆိုင် ဖွင့်ထားတဲ့ လူဆိုရင်တော့ ပစ္စည်းဝယ်ပြီး ၊ ကိုယ်ဆိုင်မှာ ကိုယ်တင်ရောင်းချင်တယ် ဆိုရင်တော့ သူငယ်ချင်းတို့ ဆန္ဒ ရှိသလိုပါ၊  ကျွန်မတို့က ဆိုင်ဖွင့်ဖို့ လုံးဝ မတိုက်တွန်းပါဘူး ) သူငယ်ချင်း ရင်းရမှာက ပထမဆုံး အဖွဲ့ဝင်ကြေး ( Member ) တစ်သောင်းကျပ် ပေးရမှာပါ။ အရင်တုန်းက သတ်မှတ်တဲ့ အဖွဲ့ဝင်ဈေးနှုန်းက တစ်သောင်း ခြောက်ထောင်ကျပ်ပါ ။ သူငယ်ချင်း က ကျွန်မ ထက် ကံကောင်းသွားပါပြီ ။ ပြီးတော့ မှတ်ပုံတင် မိတ္တူ တစ်စောင်ပါ။ မှတ်ပုံတင် မိတ္တူ ကိုလည်း ရှေ့ဘက်နဲ့ ကျောဘက်ကို အပေါ်အောက် စာရွက် တစ်ရွက်မှာ ကူး ပေးရမှာ ဖြစ်ပါတယ်။ ( စာရွက် တစ်ပိုင်းပြတ်လေးမှာ ရှေ့နောက် ကျောကပ် ပုံစံ မျိုးနဲ့ မိတ္တူကို လက်မခံ ပါဘူး )

ကောင်းပြီး ဒါပြီးတော့ ဘာထပ်ရင်းစရာ လိုပါသလဲ လို့ မေးရင် ၊ ဒီ စီးပွားရေး က အဆင့်  ၃ ဆင့် ရှိပါတယ်။ တစ်ရာ ပီဗွီ  (  100 PV ) ၊  နှစ်ရာ ပီဗွီ ( 200 PV ) နဲ့ ငါးရာ ပီဗွီ ( 500 PV ) ဆိုတဲ့ အဆင့် သုံးဆင့် ရှိပါတယ် သူငယ်ချင်း ။ PV ဆိုတာဟာ ( Point Value ) အမှတ် လို့ သတ်မှတ် လို့လည်း ရပါတယ်။ ဆေး အမျိုးအစား များစွာမှာ ဘယ်ဆေး ကတော့ဖြင့် အမှတ် ဘယ်လောက် ဆိုတာကို ရေးသား သတ်မှတ် ထားပါတယ်။
100 PV အတွက် ကုန်ကျငွေ ခန့်မှန်းချေ က ၂ သိန်း နီးပါး ရှိပါတယ်။ 200 PV အတွက် ကုန်ကျငွေ ခန့်မှန်းချေက ၄ သိန်း နီးပါး ရှိပါတယ်။ 500 PV အတွက် ကုန်ကျငွေ ခန့်မှန်းချေက ၁၀ သိန်း နီးပါး ဖြစ်ပါတယ်။ ဆေးတွေကို ဝယ်လိုက်ရင် အမှတ်တွေ ဝင်သွားမှာ ဖြစ်ပါတယ်။ January လ မှာ သူငယ်ချင်း က 200 PV ဝင်သွားတယ် ဆိုရင် အင်တာနက် ရဲ့ unicitytha.myvoffice.com ဆိုတဲ့ Site မှာ သူငယ်ချင်း နာမည် နဲ့ ကိုယ်ပိုင် ရုံးခန်း တစ်ခု ပွင့်သွားမှာပါ ။ February လ ၁၀ ရက်နေ့ လောက်မှာ ကိုယ်ပိုင် Password ပေးပြီး ဝင်ကြည့်လို့ ရပါပြီ သူငယ်ချင်း ။
ကောင်းပြီ ။ အဲဒီလို ဆေးတွေကို မသိနားမလည်ဘဲ ဝယ်ရမလား လို့ တွေးစရာပေါ့။ သူငယ်ချင်း ရုံးချူပ်က အမေရိကန် မှာ ရှိပါတယ်။ ရန်ကုန်မှာ Unicity ကို သိတဲ့ လူ များသလို ချမ်းသာ ချင်သူတိုင်း နဲ့ ချမ်းသာ နေသူတိုင်း လည်း လုပ်ပါတယ်။ သူငယ်ချင်း ဘက်က Member ဝင်မယ် ဆိုရင် ကုန်ပစ္စည်း စာအုပ်ကို ကျွန်မ က အလကား ပေးမှာပါ။ ကျွန်မတို့ တုန်းက တစ်အုပ်ကို သုံးထောင် နဲ့ ဝယ်ရတာပါ။ ဆေးတွေ ဝယ်ပြီး ရင် ကိုယ်တိုင် သောက်လို့လည်း ရသလို ၊ ပြန်ရောင်း မယ် ဆိုရင်လည်း ၂၅ % အမြတ်တင်ပြီး ရောင်းခွင့် ရှိကြောင်း ကိုလည်း အမေရိကန် ရုံးချူပ်က တရားဝင် သတ်မှတ်ပြီးသားပါ သူငယ်ချင်း။ သူငယ်ချင်း ကျန်းမာချင်လို့ ပဲ ကိုယ်တိုင် သောက်သောက် ၊ အမြတ် လိုချင်လို့ပဲ ပြန်ရောင်းသည် ဖြစ်စေ အဆင် ပြေမှာပါ။
ငွေ မရင်းချင်တဲ့ လူ အတွက် - ဘယ်လို လုပ်မလဲ ? တချို့ ဆိုရင် မိသားစု မှာ လူများတယ်။ ကိုယ်ရတဲ့ ပိုက်ဆံ ကို မိသားစု အတွက် သုံးနေရတာ ၊ အဖွဲ့ဝင်ကြေး တစ်သောင်းတောင်မှ မပေးနိုင်ဘူး ဆိုတဲ့ လူတွေ အတွက် ကတော့ ကိုယ့်ရဲ့ Senior ခေါင်းဆောင် နဲ့ ပူးပေါင်းဖို့ လိုအပ်ပါလိမ့်မယ်။ အရင် မိတ်ဆက်တဲ့ သူငယ်ချင်း ကလည်း ကိုယ် မိတ်ဆက်တဲ့ လူက ကြိုးစားချင်တယ် ဆိုပေမယ့် ဆေး အမှတ် ရအောင် ဝယ်ဖို့ နေနေသာသာ အဖွဲ့ဝင်ကြေးတောင် မှ မပေးနိုင်ဘူး ဆိုရင် ၊ လက်တွဲခေါ်ဖို့ နည်း တစ်နည်း ရှိပါတယ်။ Stock လှောင်ထားတဲ့ ပစ္စည်း ဆေး တွေကို 200 PV ဖိုး ပြည့်အောင် ရောင်းဖို့ တိုက်တွန်း ရပါမယ်။ ဒီလို အမှတ် နှစ်ရာ ပြည့်အောင် ရောင်းပြီး ၊ ခေါင်းဆောင် က ဘယ်လို ဆွဲခေါ်ရမလဲ ဆိုတာ ကို ကျွန်မ က လမ်းညွှန် ပေးပါ့မယ်။ အခု ဒီစာ ဖတ်နေတဲ့ လူ က ငွေ မရင်း ချင်ဘဲ ဝင်ချင်တဲ့ လူဆိုရင် ကျွန်မ က လက်တွဲခေါ်ဖို့ တာဝန် ရှိပါတယ်။ ( ဒီလို ဆိုရင် ငွေမပေးနိုင်တဲ့ လူအတွက် ဆေး ကို ဈေးတင်မှာလား မတွေးပါနဲ့ ၊ မတင် ပါဘူး အတူတူပါပဲ )
 

အဖွဲ့ဝင် တစ်ယောက် က တစ်လ အတွင်း ကိုယ် ရွေးချယ် ထားတဲ့ အမှတ် အပြည့်ဝင်အောင် ကြိုးစား ရမှာပါ။ ( တစ်လ လုံး ဝယ်လိုက်တာ ၊ တစ်ရာ မပြည့် ဘူး ဆိုရင် ရလဒ် မရ ပါဘူး ။ တစ်လ လုံး ဝယ်လိုက်တာ တစ်ရာ ကျော်တယ် ၊ နှစ်ရာ မပြည့်ဘူး ဆိုရင်လည်း တစ်ရာ ရဲ့ ရလဒ် ကိုပဲ ရမှာပါ ) ကောင်းပြီ ၊ ပထမ တစ်လ မှာ ကိုယ်က အဖွဲ့ဝင် လိုက်ပြီး ၊ နောက်လ ၁၀ ရက်နေ့ လောက်မှာ လည်း အင်တာနက် ဆိုက်ဒ် မှာ ကိုယ့် နာမည် လေးနဲ့ ရုံးခန်း လေးကို မြင်လိုက်ရပြီ ။ နောက်ကို ဘာလုပ်ရမလဲ ။ နောက်လ တွေက စပြီး သူငယ်ချင်း က လေ ပဲ ရင်းစား ရတော့မှာပါ။ သူငယ်ချင်း ရဲ့ အသိုင်းအဝိုင်း ခင်သူ မခင်သူ ဆွေမျိုးနီးစပ် ပေါ့ ၊ အားလုံးကို တစ်နေ့မှာ တတ်နိုင်သလောက် ဒီစီးပွားရေး အကြောင်းကို မိတ်ဆက် ရမယ်။  ပြောရမယ် ။ သူငယ်ချင်း လိုပဲ အဖွဲ့ဝင်ဖြစ်အောင် သတင်းကောင်း ဖြန့်ရမှာပေါ့။

အကျိုးရလာဒ် - ( ၃ ) လ မှ ( ၆ ) လအထိ - ( ၁ ) လ ဝင်ငွေ ကျပ် ( ၃၀ ) သိန်း

( ၂ ) နှစ်မှ ( ၃ ) နှစ်အထိ - ( ၁ ) လဝင်ငွေကျပ် ( ၃၀၀ ) သိန်း

( ၃ ) နှစ်မှ ( ၅ ) နှစ် အထိ - အလုပ်မှ အပြီးအပိုင် အနားယူခြင်း ( ပင်စင် )
လွတ်လပ်တဲ့ အချိန် ၊ ငွေကြေး ၊ ကျန်းမာခြင်း ကို ရမယ် ။

ပင်စင် - ဆိုတာ က သူငယ်ချင်းတို့ အလုပ် ဆက်လုပ်စရာ မလိုတော့ပဲ သိန်း ရာ / ထောင် ချီ တဲ့ ငွေကို လစဉ် ရနေမယ်။ သူငယ်ချင်းတို့ ချစ်တဲ့ မိသားစု နဲ့ ပင်စင် ငွေကို လစဉ် ထိုင်စားပြီး အေးဆေး နေနိုင်သွားပြီးပေါ့။
အဓိက အားသာချက် - ဆိုတာ အဲဒီ ပင်စင် အဆင့် ကို လူတိုင်း က နှစ်သက်ပြီး ဝင်ကြတာပါ။ ဘယ်သူကမှ မသေ မချင်း အလုပ် မလုပ်ချင်ဘူး ။ ၃ နှစ် ၅ နှစ် ဆက်တိုက် ကြိုးစားမယ် ၊ ပင်စင် အဆင့် အထိ ရောက်အောင် ကြိုးစား နေကြသူတွေ ချည်းပါပဲ ။
အပြောကောင်းသူ စွမ်းရည် အရှိဆုံး - သူငယ်ချင်း စိတ်ဝင်စား ရင် အလုပ်က သင်သွားမှာပါ။ ကိုယ့်ကို ယုံကြည်ပါ ။ ဒီ ရန်ကုန် ဘက်မှာ ငွေ မချမ်းသာတဲ့ လူတွေက ကြိုးစား နိုင်စွမ်း အားကြီး ဆုံးပဲ သူငယ်ချင်း ။
ယုံကြည်ပါ - ကိုယ့်ကို ကိုယ် ယုံကြည်ပါ။ ငါ လုပ်နိုင်ပါတယ်လို့ ၊ ကိုယ် ကိုးကွယ်တဲ့ ဘုရားကို ယုံကြည်ပါ။ ဖိနပ်တောင် မစီးနိုင်တဲ့ ဆင်းရဲသား ဒီ အလုပ်ကို ဝင်လုပ်ပြီး ၊ ချမ်းသာ ပါတယ်။ ကျွန်မ တို့မှာ ဗီဒီယို ဖိုင် တွေ ရှိပါတယ်။ အင်တာနက် ကနေလည်း လေ့လာ လို့ ရပါတယ်။ ဆင်းရဲ တဲ့ လူတွေ ချမ်းသာ ကြတာ Unicity မှာ တစ်ပုံကြီးပါ ။ သူငယ်ချင်း မသိရင် ခေတ် နောက်ကျသွားလိမ့်မယ်။
သူငယ်ချင်း ပထမ ဆုံး ဝင်လိုက်တာ နဲ့ နောက်လ ၂၀ ရက်နေ့ ကျော်ရင် သူငယ်ချင်းရဲ့ ရလဒ်က သူငယ်ချင်း အတွက် မက်လောက်စရာ မရှိ ထောင်ဂဏာန်း သောင်းဂဏန်း လောက်ပဲ ဖြစ်မှာပေါ့။ နောက်ပိုင်းမှာက သူငယ်ချင်းတို့ ကြိုးစားမူကြောင့် ရလာတဲ့ လူသစ် အဖွဲ့ဝင်တွေ ရဲ့ အဖွဲ့ဝင်မှု ကြိုးစားမှု တိုင်းမှာ သူငယ်ချင်းတို့ အတွက် ရလဒ်ကောင်းတွေ ရလာမှာပါ။
ကျွန်မ က - 500 PV နဲ့ စဝင်ခဲ့တယ်။ ဆေးတွေ သောက်ပါတယ်။ ဆေးကောင်းတွေ သောက်တော့ တအားကိုပဲ အလုပ် လုပ်လို့ ကောင်းသလို အကြံကောင်းတွေလည်း ရတာပေါ့။ ကျွန်မ က စ ဝင်တဲ့ လမှာပဲ ကျွန်မ အောက်မှာ 500 PV နဲ့ လူ ၉ ယောက်ကို ရရှိခဲ့ပါတယ်။ EM ရာထူး ကို ရရှိခဲ့ပြီး ၊ မြန်မာငွေ ကျပ် သိန်း ၂၀ ကို ရရှိခဲ့ပါတယ်။ ငွေ ၁၀ သိန်းကို ရင်း ခဲ့တယ်။ ကျွန်မ ရဲ့ မိတ်ဆွေ ၉ ယောက် က 500 PV နဲ့ ဝင်ခဲ့တယ်။ ကျွန်မ နောက်လ မှာ ငွေကျပ် သိန်း ၂၀ ကို ရရှိခဲ့ပါတယ်။
သေချာတာ တစ်ခု - သူငယ်ချင်းတို့ ရဲ့ မိတ်ဆက်မှုကြောင့် သူငယ်ချင်းတို့ရဲ့ ဆင့်ပွားမှုက အမှတ်ပေါင်း ငါးထောင် ( 5000 PV ဆိုရင် တော့ သိန်း ၂၀ ဝင်ငွေ ဆိုတာ ဟာ ပြေးမလွတ်တော့ပါဘူး ) ဒီ အလုပ်က စကားလေးပဲ ပြောပြီး မိတ်ဆက်သွားရတာမို့ ။ လေ ပဲ ရင်း ရတာလို့လည်း ပြောလို့ ရပါတယ်။
အောက်ခြေက စပါ -  ဒီအခါ မှာ သူက တော့ ဆွေမျိုး ကြီး အသိုင်းအဝိုင်းကြောင့်ကိုး ၊ ငါ့ ရဲ့ အသိုင်း အဝိုင်း က ချမ်းသာ တဲ့ လူမှ မရှိတာလို့ ဆင်ခြေ ပြောပြီး နောက်ဆုတ်မလား သူငယ်ချင်း ။ ဘာမှ မသိတဲ့ ချမ်းသာ တဲ့ လူတစ်ယောက်ကို ရိုးသား ဖြူစင် စွာနဲ့ ခင်မင်မှု မိတ်ဆွေ ဖွဲ့ရဲ တဲ့ စိတ်ကို မွေး လိုက်ပါ သူငယ်ချင်း။ အစ ပိုင်း မှာ သူငယ်ချင်း ရလဒ် ဟာ နည်းပါလိမ့်မယ်။ ဒါပေမယ့် သူငယ်ချင်း နည်းနည်း ကြိုးစား လို့လည်း ရသလို များများ ကြိုးစား လို့လည်း ရပါတယ်။
ရိုးသား ကြိုးစားပါ - မရိုးသားမှု တွေ လှည့်ဖြားမှု တွေ ၊ ကတိပျက်မှု တွေက လူသား အချင်းချင်း ယုံကြည်မှု ကို လျော့ပါးစေပါတယ် သူငယ်ချင်း။

No comments:

Post a Comment

Note: Only a member of this blog may post a comment.